ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်းနှင့် မျိုးစေ့များထောက်ပံ့ ပေးအပ်

ပန်းတနော် မေ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ၁ နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့မှ ပန်းတနော်မြို့နယ်သို့ရောက်ရှိပြီး ဘဝိုင်းအုပ်စု စာဖြူစု ကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ တောင်သူ ဒေါ်ရင်ရင်ဌေးနှင့် တောင်သူနှစ်ဦး ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စု​ပေါင်း ကြဲပက်​၍ မျိုးစေ့များအား​ တောင်သူများထံ​ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​ထွေး၊ ပန်းတနော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ခင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များမှ လယ်ယာမြေ ဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်း၊ လယ်ယာမြေဧက ၄၀ ဧကအတွက် တောင်သူ (၁၄)ဦးအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကာ ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)