ကာလိမြို့၊ အမှတ်(၁၅၁) ခြေလျင်တပ်ရင်း၌ ‌နွေရာသီ‌ကျောင်းပိတ်ချိန်တွင် ကျောင်းသား/သူများအား  ‌လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲကျင်းပ

ကာလိ မေ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် (၉)နာရီအချိန်ခန့်တွင် အမှတ်(၁၅၁)ခြေလျင်တပ်ရင်း၌ ကျောင်းသား/သူများအား  ‌လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲ‌တွင် ‌နွေရာသီ‌ကျောင်းပိတ်ချိန်၌ ကျောင်းသား/သူများအား အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် စာအုပ်စာ‌ပေ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နန်းဆေးက ‌ကျောင်းသား/သူများအတွက် သိသင့်သိထိုက်သော လူငယ်များ၏ ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ‌၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး စသည့်လူငယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောပေးပြီး တက်ရောက်လာကြသည့် ကျောင်းသား‌၊ကျောင်းသူများအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသပေးခြင်း၊ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်းများ‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)