လှည်းကူး မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများကို ယနေ့နံနက်(၉)က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကာယ၊ ဉာဏဖွံ့ဖြိုးမှုဆိုင်ရာ ကစားနည်းပြိုင်ပွဲများတွင် ပန်းချီဆွဲပြိုင်ပွဲ၊ ညဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့