မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း(Booster Dose)ထိုးနှံပေး          

မိုင်းရှူး မေ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူလူထုများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထပ်ဆောင်း(Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှ မိုင်းရှူး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။

ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးရာတွင် Covid Shield ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသည့် သူများအား Covaxin ကာကွယ်ဆေး၊ Sinopharm နှစ်ကြိမ် အပြည့်ထိုးနှံပြီးသူများအား Covid Shield ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း၊ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော် မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက် ၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနဝန်ထမ်းများမှ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)