တိုက်ကြီး မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများအား၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ခုနစ်ကျိုက် ကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် အသက် (၁၅) နှစ် မှ (၁၈)နှစ်အတွင်း ပြည်သူများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၅၂ ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ၂၁၂ ဦး၊ စုစုပေါင်း ၂၆၄ ဦးတို့အား တာဝန်ရှိသူများက ကာကွယ်ဆေး များထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများကလည်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဒေါ်စန်းကလျာခိုင်