ချောင်းဆုံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး Cash for Work စီမံကိန်းနှင့် VDP စီမံကိန်းကျေးရွာ ရွေးချယ်

ချောင်းဆုံ မေ ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် Cash for Work စီမံကိန်းနှင့် VDP စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင် က (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ် ဘတ်ဂျတ်တွင် Cash for Work စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရွေးချယ် နိုင်ရန်အတွက် ဦးစားပေးရမည့် အချက်များအပေါ် မူတည်၍ ရွေးချယ်ပေးသွားရန် ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က အဆိုပါစီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၁၀၀)စီဖြင့် ကျေးရွာစီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်များက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ Cash for Work (CFW) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၃)ရွာကို လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP)ကျေးရွာ (၁၂)ရွာကိုလည်းကောင်း လျာထားရွေးချယ် အတည်ပြုထားကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)