ပန်ဆိုင်း(ကြူကုတ်)မြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတွင် (၂၀) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ပန်ဆိုင်း(ကြူကုတ်) မေ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ထေရဝါဒ ဗုဒ္ဓသာသနာ ပြုကျောင်းတွင် (၂၀)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသော အလှူရှင်များမှ နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းမှ ကျောင်းထိုင်ဆရာတော် ဇနိန္ဒသာမိသာသနာ့ ဓဇဓမ္မစရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်ကို နာယူခဲ့ကြပြီး ဘုရားပင့်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် သံဃာတော်များမှ (၂၄)ပစ္စည်း မဟာပဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ပန်ဆိုင်း(ကြူကုတ်) မြို့ပေါ်/ ရပ်ကွက်ကျေးရွာများရှိ သံဃာတော်အရှင်သူမြတ်(၇၃)ပါးမှ အလှည့်ကြ ရွတ်ဖတ်ပူဇော်သွားမှာ ဖြစ်ပြီး (၁၀.၅.၂၀၂၂)ရက်နေ့မှ(၁၄.၅.၂၀၂၂)ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင် းသိရသည်။
ဇင်မာဖြိုး(ပန်ဆိုင်း)