ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade -5 မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်

ဒဂုံ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းကို ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင် က အဖွင့်အမှာစကား​ ပြောကြားပြီး သင်တန်းသား/သူများအား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားပို့ချရန် နည်းစနစ်များ၊ ဆရာ/ဆရာမများ အနေဖြင့်ကျောင်းသား၊ ကျောင်းသူများအား ပညာ သာမက လိမ္မာ ယဉ်ကျေး၍ နည်းမှန်လမ်းမှန် ရွေးချယ်တတ်​စေရန် သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အထက၂ ဒဂုံမှ​ သင်တန်းနည်းပြ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနိုင်က သင်တန်းစည်းမျဥ်း စည်းကမ်းများအား​​ သင်တန်းသားများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာသင်ရိုးသစ် (Grade-5) ဆင့်ပွား မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို ​မေလ ၁၀ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ၄ ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

ဒဂုံမြို့နယ်၌ မြို့နယ်အဆင့် Grade-5 ဆင့်ပွားသင်တန်းကို (၁၀.၅.၂၀၂၂)ရက်နေ့မှ (၁၃.၅. ၂၀၂၂)ရက်နေ့အထိ သင်တန်းသား/သူ(၈၁)ဦး၊ နည်းပြ(၆)ဦးတို့ဖြင့်‌ သင်တန်းအား ဖွင့်လှစ်ထားရှိကြောင်း မြို့နယ် ပညာရေးမှူးထံမှ သတင်းရရှိပါသည်။

​မေသန္တာ