ကျောက်တံတားမြို့နယ်တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

ကျောက်တံတား   မေ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား Grade-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် Grade-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျဦးတည်ချက်များနှင့် အဓိက ဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျောက်တံတားမြို့နယ်၊ အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်တံတားမြို့နယ်၊ ပညာရေးမှူးဒေါ်လှလှဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်“ ယခုသင်တန်းသည်Online စနစ်ဖြင့် တက်ရောက်သင်ယူခဲ့သော သင်တန်းနည်းပြ (၇)ဦးမှ  အခြေခံပညာ ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ပြန်လည် ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းရှိဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားလာစေရန် အတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်းသင်တန်းသို့ တက်ရောက်လာသူ ဆရာ/ဆရာမများ အနေဖြင့် ကျောင်းသား/သူများအားတစ်ဆင့် ပြန်လည်သင်ကြားရာတွင်  လွယ်ကူသော နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးစေလိုပါကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် ကျောက်တံတား​မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း (၂၇)ဦးကိုသင်တန်းနည်းပြ (၄)ဦး နှင့်ကြီးကြပ်()ဦးမှ ၂၀၂၂-ခုနှစ် မေ(၁၀)ရက်နေ့မှ မေ(၁၃)ရက်နေ့အထိ Grade-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာနှင့် လူမှုရေးပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြန်လည် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)