ချီဖွေမြို့နယ်တွင် Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်း မြို့နယ်အဆင့်ဖွင့်လှစ်

ချီဖွေ မေ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မူလတန်းသင်ရိုးသစ် သင်တန်းပညာအရည်အသွေး တိုးတက်ရန်အတွက် Grade-5 သင်ရိုးသစ် ဆင်ပွားတန်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က အ‌‌ခြေခံပညာအထက်တန်း (ချီဖွေ)ကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ စာရိတ္တနှင့်ပြည်သူနီတိဘာသာရပ်နှင့် ကာယာဘာသာရပ်များကို Grade-5 သင်ရိုးသစ်သင်ကြားမည့် ဆရာ၊ ဆရာမများအား ထပ်ဆင့်မျှဝေ သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရှိရသည်။

Grade-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ချီဖွေမြို့နယ်အတွင်းရှိ အ‌ခြေခံပညာ မူလတန်းကျောင်း (၇၂)ကျောင်းမှ ဆရာ၊ ဆရာမ (၂၃၀)ဦးတို့အား မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)