ကျောက်ပန်းတောင်း မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 မြို့နယ်အဆင့် သင်ရိုးသစ် (Face to Face) သင်တန်းကို၊ ကျောက်ပန်းတောင်းမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ ဒုတိယနေ့ဖြစ်သည့် ယနေ့တွင် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမနှင့် နည်းပြ၊ ကြီးကြပ်သူ စုစုပေါင်း (၉၃၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 မြို့နယ်အဆင့် သင်ရိုးသစ် (Face to Face) သင်တန်းကို (၁၀-၅-၂၀၂၂) ရက်နေ့မှ (၁၃-၅-၂၀၂၂) ရက်နေ့အထိ (၃)ရက်ပြုလုပ်သွားမှာဖြစ်ကြောင်းနှင့် သင်တန်းချိန်များမှာ နံနက်(၉)နာရီမှ ညနေ (၄) နာရီထိဖြစ်ပြီး အမှတ် (၂) အ.ထ.ကရှိ စာသင်ခန်း (၂၈) ခန်းတွင် နည်းပြဆရာ၊ ဆရာမ (၅၈) ဦးဖြင့် သင်ကြားပို့ချပေးနေခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား Grade-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာ များနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန် Grade-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာ လမ်းညွှန်စာအုပ်များကို အသုံးချတတ်စေရန်နှင့် Grade-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျ ဦးတည်ချက်များနှင့် အဓိကဦးတည်ချက်များကို နားလည်သဘောပေါက်စေရန်အတွက် ယခုသင်တန်းကို (Face to Face) ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါသည်။
နေအောင် (ပြန်/ဆက်)