ကံမမြို့နယ်သမဝါယမအသင်းစုလိမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
May 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်သမဝါယမအသင်းစုလိမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် ရပ်ကွက်ကျေးရွာ သမဝါယမအသင်းများမှ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။