သတင်းများ

ကျောင်းကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
May 21,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်၌ အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိ ကလေးငယ်အား(၂၅၀)ဦးအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေး
May 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၃)နှစ်မှ(၇)နှစ်အတွင်းရှိကလေးငယ်များအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက သက်ဆိုင်ရာစုရပ်နေရာများ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်တွင် အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး၍ ဒေသနေပြည်သူများ သောက်သုံရေသုံးစွဲမှုအဆင်ပြေ
May 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်ရှိ ရေဂါလံ (၅၀၀၀)ဆန့်အုတ်ရေကန်နှင့် အဝီစိတွင်း(တွင်းနက်) တူးဖော်ခြင်းလုပ်ငန်းသည် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
May 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာသင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်၍ သာပေါင်းမြို့နယ်တွင် နေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ရ
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သာ‌ပေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ယမုံနာလမ်းတွင် မေလ၂၀ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်စုစုလှိုင် (အဖ)ဦးကျော်ဝင်းနေအိမ် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း (၁၂'×၁၀'×၁၂') ပြိုကျပျက်စီးခဲ့ရသည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.ထ.က(၁)ဓနုဖြူ (တေဇခန်းမ)၌ ကျင်းပခဲ့သည်။
မူဆယ်မြို့နယ်တွင် Grade 11 သင်ရိုးသစ်ဆင့်ပွားသင်တန်းနှင့် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ
May 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ အထက(၂)ကျောင်း၌ မြိုနယ်အဆင့် Grade-11 သင်ရိုးသစ်ဆင့်ပွားသင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် (၉)နာရီ အချိန်ကပြလုပ်သည်။ ရှေးဦးစွာ ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာဆိုင်းဘုတ်ကို အထက(၂)ကျောင်းရှေ့လမ်မတွင်စိုက်ထူခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများကဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်းပြီးစိုက်ထူသည်။ ထို့ပြင် မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့်ဖွင့်ပွဲကျင်းပရာ
ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမဲ့အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ်မည်
May 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာနှင့် လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေ ၂၄ ရက်နေ့တွင် အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။