ချီဖွေ မေ ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာတွင် ကျောင်းအပ်နှံရေးသတင်းပတ်ကို မေလ (၂၆) ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ အထိ ကလေးငယ်များအား ပညာသင်ယူကျောင်းအပ်နှံရေးအတွက် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းဇော်ထွေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်မင်းစိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမတို့က စိုက်ထူခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံ ရေးတွင် အခကြေးငွေကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသား၊ကျောင်းသူများကို ပြဌာန်း စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှုးရုံးမှ သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)