သတင်းများ

စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်
May 21,2022
မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့် Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌  ဖွင့်လှစ်ခဲ့သည်။
မုံရွာမြို့ မရိုးတောကျေးရွာ၌  မိုးသီးနှံ နေကြာမျိုးစေ့ထုတ် စံပြကွက်စိုက်ပျိုးခြင်း ကွင်းဆင်းပြပွဲ ပြုလုပ်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် ဝန်ထမ်းများသည် ယနေ့ နံနက် (၉)နာရီက  မုံရွာမြို့နယ် မရိုတောကျေးရွာသို့ရောက်ရှိပြီး တောင်သူဦးကျော်ထွန်း၏ လယ်မြေ(၈)ဧကတွင် နေကြာမျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးခြင်း ကွင်းဆင်းပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 21,2022
မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှကင်းဝေးစေရေး၊ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များအမှိုက်များ၊ ရေစီးရေလာ ကောင်းမွန်စေရေးရေမြောင်းများပြန်လည် တူးဖော်ခြင်းများ၊ ကျောင်းဆောင်များသန့်ရှင်းရေးပြုလုပ်ခြင်းများအား  ယနေ့နံနက် ၇ နာရီက  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၃)အခြခံ ပညာအထက်တန်း ကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းစိုက်ပျိုး
May 21,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမနှင့် ဖူဆယ်ဘောလုံးကွင်းဘေးကွင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ ကာလတိုသင်တန်း အပတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်
May 21,2022
ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ တစ်ဦးချင်းဝင်ငွေများမြင့်မားလာစေရေးအတွက် ကာလတိုသင်တန်း အပတ်စဉ် (၂/၂၀၂၂) အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် ဆံပင်ညှပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ADRA အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဗန်းမောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပန်းခြောက်ဖြင့် ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပန်းခြောက်ဖြင့် ပန်းအလှ ထိုးနည်းသင်တန်းကို ဖွင့်လှစ်သည်။
တပ်ကုန်းမြို့နယ်  ကုတင်(၁၀၀) ပြည်သူ့ဆေးရုံဝန်းအတွင်း၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ ဆေးရုံဝန်းအတွင်းတွင် ယနေ့ နံနက် ၇နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြ
May 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နဂါးကျစ်ဘိုးဘွားရိပ်သာဝင်းအတွင်း ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့်သီးခြားတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုပေါင်းကာသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။