သတင်းများ

ပန်းတောင်းမြို့နယ်တွင် စျေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးနှင့်
အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု ပ​ပျောက်​ရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာ​ပေးဆွေ​နွေးပွဲကျင်းပ
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုပ​ပျောက်​ရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာ​ပေး ဟော​ပြောပွဲကို ယမန်နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ်အတွင်းရှိ သွားလာရခက်ခဲသော တောင်ပေါ်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် မိခင်နှင့်ကလေး ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး
May 18,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်  ငဖဲမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် သွားလာရခက်ခဲသော တောင်ပေါ်ဒေသကျေးရွာများမှ အရှို ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် မိခင်နှင့်ကလေး ရောဂါကာကွယ်ဆေးများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှစ၍ ရေဖြူကျေးရွာနှင့် ဒိုဇုန်(ရွာဟောင်း)တို့တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးနှင့်    အိုမီခရွန်အကြောင်းသိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်များ ပြသ
May 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အိုမီခရွန်​ အကြောင်းသိကောင်းစရာ  အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Astra Zeneca) ထိုးနှံသူ (၁၁) ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူ (၁၁) ဦးနှင့် တတိယအကြိမ် Astra Zeneca ထိုးနှံသူ (၁၈၂)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၂၀၄) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မြစ်သားမြို့နယ်၌ mobile  library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနရုံးများရှိဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ် စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
မင်းလှမြို့၌ မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
May 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက သာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းအဆင့် ဆင့်ပွားသင်တန်း ဆက်လက်ဖွင့်လှစ်
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ လှည်းကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။