မြစ်သားမြို့နယ်၌ mobile  library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး

မြစ်သား မေ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနရုံးများရှိဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ် စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   

ထိုသို့ဆောင်ရွက်ရာတွင်   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန်အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ထို့နောက် mobile library စနစ်ဖြင့် စာအုပ်စာစောင်များကို မြစ်သားမြို့ရှိဌာနဆိုင်ရာများသို့ ယခင်ကငှားရမ်းပေးထားသောစာအုပ်များကို ပြန်လည်သိမ်းဆည်းပြီး စာအုပ်စာစောင်များကို အသစ်ပြန်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 

သီတာအောင် (မြစ်သား)