လှည်းကူး မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ လှည်းကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် သင်ယူလျက်ရှိသော လှည်းကူးမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား GRADE-8 သင်ရိုးသစ် သင်တန်းပါ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၏ basic concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်နှင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၏ ဖွဲ့စည်းပုံနှင့်အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ လှည်းကူးမြို့နယ် ပညာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေ(၁၆)ရက်နေ့မှ မေ(၁၈)ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပြီး GRADE-8 သင်ရိုးသစ် လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ ပညာရပ်တို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြန်လည်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၏ သင်ကြား၊ သင်ယူမှု အရည်အချင်းများတိုးတက် မြင့်မားပြီး အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၃၁၄)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
အေးအေးနွဲ့