ပန်းတောင်း မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ခင်လှတိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူးဒေါ်လွင်လွင်မိုး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသန်းဇော်ဝင်းတို့က အိမ်သုံးဆေးဝါးတိုင်းရင်းဆေးများ၏ ရောင်းချစျေးနှုန်းများ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ မှတ်ပုံတင်အမှတ်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရသေ့ဆေး(သို့မဟုတ်)ထိုင်းဗိန်းတောဆေးသည် ထိုင်းနိုင်ငံ FDA မှ စားသုံးသူများဘေးအန္တရာယ်ဖြစ်သည့် ဆေးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိ၍ စျေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)