သတင်းများ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
May 18,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၆) နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) တွင် ကျင်းပပြုလုပ်သည်။
ဘားအံမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းငါးသောင်းခန့် ထုတ်ချေးပေးသွားရန်လျာထား
May 17,2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကရင်ပြည်နယ်ဘဏ်ခွဲ၏ ဘဏ်ခွဲများဖြစ်သော ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ကော့ကရိတ်ခရိုင်ဘဏ်ခွဲများမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခုမေလမှစ၍ စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးလျက်ရှိရာ ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းငါးသောင်းခန့်
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌  Myanmar Fitness Dance ( အခမဲ့)သင်တန်းဖွင့်လှစ်ပို့ချ
May 17,2022
မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Myanmar Fitness Dance (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာခန်းမ၌ ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး Talk Show ကျင်းပ
May 17,2022
မိတ္ထီလာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ Talk Show အစီအစဉ်ကို ကျင်းပကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အသိပညာဗဟုသုတတိုးပွားစေရေး စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
May 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်တတ်သူတိုင်း စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍
ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ပညာပေးဆွေးနွေး
May 17,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့်အတူ ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းတွင် အဗျားအလယ်စုကျေးရွာနှင့် နေ့လယ်ပိုင်းတွင် အဗျားငှက်ချေးဝင်းကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။
ဖျာပုံခရိုင်ရုံး Community Centre ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်
May 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါရုံး Community Centre ခန်းမ၌ ကျင်းပသည်။