ကမမောင်း မေ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အိုမီခရွန် အကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားသည် တရား မဝင်ကြောင်းနှင့် ယခုအခါ ကိုဗစ်ကာလဖြစ်သောကြောင့် အပြင်ထွက်သည့်အခါတိုင်း mask တပ်ဆင်ရန်၊ အပြင်မှပြန်ရောက်လျှင် လက်ဆေးရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ တားမြစ်ချက်များနှင့်အညီ နေထိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် နံရံကပ်စာစောင်များကို ချိတ်ဆွဲပြသပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ပြည်သူများသိရှိလိုက်နာရမည့်အချက်များဖြစ်သည့် ကလေးအလုပ် သမားဆိုင်ရာပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း သိကောင်းစရာများဘေးအန္တရာယ်ကျရောက်သော ကလေးအလုပ်သမားများအကြောင်းသိ ကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးစသည့် အချက်များပါဝင်သော နံရံကပ်စာစောင်များကိုပြသလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု့လျက်ရှိကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)