ငဖဲ မေ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် သွားလာရခက်ခဲသော တောင်ပေါ်ဒေသကျေးရွာများမှ အရှို ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် မိခင်နှင့်ကလေး ရောဂါကာကွယ်ဆေးများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှစ၍ ရေဖြူကျေးရွာနှင့် ဒိုဇုန်(ရွာဟောင်း)တို့တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်စိုး ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးစိုးသီဟကျော်နှင့် ရပ်/ကျေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းလွင်ကျေးရွာအုပ်စု ရေဖြူကျေးရွာတွင် ပထမအကြိမ် Covishield ထိုးနှံသူ (၁၃)ဦး၊ ၁၅နှစ်အထက်နှင့် ၁၈နှစ်အောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူ(၁၁)ဦး၊ ဒုတိယအကြိမ် Covishield ထိုးနှံသူ (၅၃)ဦး နှင့် ဒိုဇုန်(ရွာဟောင်း)တွင် ပထမအကြိမ် Covishield ထိုးနှံသူ (၁၅)ဦး၊ ၁၅နှစ်အထက်နှင့် ၁၈နှစ်အောက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံသူ(၈)ဦး၊ ဒုတိယအကြိမ် Covishield ထိုးနှံသူ (၂၈)ဦး စုစုပေါင်း ပြည်သူ (၁၂၈)ဦး နှင့် အသက်တစ်နှစ်အောက် ကလေးရောဂါကာကွယ်ဆေးများ ထိုးနှံသူကလေးငယ် (၂၀)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်များ ရောဂါကာကွယ် ဆေးထိုးနှံသူ (၁၂)ဦးရှိကြောင်း သိရသည်။
ဆက်လက်ပြီး တောင်ပေါ်ဒေသကျေးရွာများအရောက် ကာကွယ်ဆေးထိုးအဖွဲ့များ ခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ အသက်တစ်နှစ်အောက် ကလေးငယ်များ ရောဂါကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်း၍ လိုက်လံထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)