အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု ပ​ပျောက်​ရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာ​ပေးဆွေ​နွေးပွဲကျင်းပ

ရေတာရှည်  မေ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုပ​ပျောက်​ရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာ​ပေး ဟော​ပြောပွဲကို ယမန်နေ့က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်းက မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းများအားသိရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးနှင့် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ Gender (ကျား၊မ ရေးရာ) တန်းတူညီမျှရေးနှင့် အမျိုးသမီးများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြု နားလည် လက်ခံနိုင်ပြီး အမျိုးသမီးဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာ​ပေးဆွေးနွေးပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း၊ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားမြင့်မားရေးအတွက် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများအပါအဝင် အကြမ်းဖက်မှုပုံစံအမျိုးမျိုး၊ အများပြည်သူရှေ့နှင့် ဆိတ်ကွယ်ရာနေရာများတွင် အကြမ်းဖက်မှု လျော့နည်းပပျောက်ရေး၊ ကလေးသူငယ်များ အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားခြင်းနှင့် အဓမ္မလက်ထပ်စေခြင်းတွေ လျော့နည်းသွားအောင် လုပ်ဆောင်ကြရမှာဖြစ်​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်နီနီ​ရွှေက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှင့် ပတ်သက်၍လည်းကောင်း အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပ​ပျောက်​ရေးနှင့် ပတ်သက်၍လည်း​ကောင်း ​ဆွေး​နွေးပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်လှိုင်သဇင်​ကျော်က အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု ပ​ပျောက်​ရေးဆိုင်ရာ အ​ကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားမှုရှိသည့် မိဘပြည်သူများ တက်​ရောက်ခဲ့​ကြကြောင်း သိရသည်။

ရေတာရှည်