ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအေရိုးဗစ် ( အခမဲ့)သင်တန်းဖွင့်လှစ်
May 18,2022
ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကျန်းမာရေးအတွက် အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်းများရှိစေရန်၊ ကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်၍ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံ အေရိုးဗစ် (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။