နတ်တလင်းမြို့နယ်၌ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေး

နတ်တလင်း မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ယမန်နေ့က အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးစီးဆောင်ရွက်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် အသက် ၁၅ နှစ်မှ ၁၈ နှစ် အတွင်းပြည်သူ စုစုပေါင်း ၈၀၆ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)