သတင်းများ

တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လျှပ်စစ်နှင့် ရေကိုခြိုးခြံချွေတာ စွာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မိဘပြည်သူများအနေဖြင့် လျှပ်စစ်နှင့်ရေကို ခြိုးခြံချွေတာစွာသုံးစွဲရေး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုမှတ်တမ်းအား e-IDစနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်
May 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုမှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းခြင်းကို ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန(Community Centre)၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံ​ပြောပြိုင်ပွဲကျင်းပ
May 18,2022
လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရန်၊ အသိပညာဗဟုသုတများရရှိ​စေရန်နှင့် အများ​ရှေ့တွင် ရဲဝံ့စွာ​​​ပြောဆိုနိုင်မှု စွမ်းရည်တိုးတက်​စေရန်အတွက် ရည်ရွယ်ကာ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ပုံ​ပြောပြိုင်ပွဲကို ယ​မန်နေ့နံနက် (၁၁:၀၀)နာရီ အချိန်က အလုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊လူထုအ​ခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 18,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား နဝမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက  သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီစေရေး ဆက်လက် ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ ညနေပိုင်းက စတင်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံပန်းချီသင်တန်းသင်ကြား
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီးဆရာတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ပန်းချီပညာနှင့်ပတ်သက်၍ တတ်မြောက်စေရန်အတွက် အခြေခံပန်းချီသင်တန်းကို မေလ(၁၂)ရက်နေ့က ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ
May 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် တပ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးခြံမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ဒေသပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇီဖြူကုန်းရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ရောင်းချပေးခဲ့သည်။