သာယာဝတီ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်၊ စာအုပ်ပြပွဲကို သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သာယာဝတီမြို့လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ဒုရဲအုပ် ဥက္ကာသွင်က လူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများ၊ လူကုန်ကူးခံရမှုကြောင့် ခံစားရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောပြီး သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ အ.ထ.က ကျောင်းများတွင် နွေရာသီကွန်ပျူတာ အခြေခံသင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများက လာရောက်လေ့လာမှတ်သားကြသည်။
ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူးရုံးမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်