ဒေါပုံ မေ ၁၈
ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကျန်းမာရေးအတွက် အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်းများရှိစေရန်၊ ကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်၍ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံ အေရိုးဗစ် (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံအေရိုးဗစ် (အခမဲ့)သင်တန်းကို မေလ ၁၈ ရက်နေ့မှ၂၀ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး မြို့နယ် အား/ကာ မှ နည်းစနစ်မှူးနှင့် သင်တန်းနည်းပြမှ စနစ်တကျ သင်ကြားပို့ချပေးပြီး သင်တန်းသား သင်တန်းသူများမှ စိတ်ဝင်တစား လိုက်ပါ လေ့ကျင့်သင်ယူ နေပါကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူသင်တန်းသား ၁၅ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။
သူဇာ၀င်း