ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြေထိန်းနံရံပြုလုပ်မည့်နေရာအား သွားရောက်ကြည့်ရှု

နမ့်ဆန် မေ ၁၈ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ တာသိန်းဇော်နှင့် အတူအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် တာဝန်ရှိဌာနဆိုင်ရာအကြီး အကဲတို့သည် နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာ ဘုန်းကြီးကျောင်းစေတီရင်ပြင် မြေထိန်းနံရံ ပြုလုပ်မည့်နေရာအား ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၂၂−၂၀၂၃) ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ပြည်ထောင်စုအစိုးရ ၏ဘဏ္ဍာရန်ပုံငွေဖြင့်) ဆောင်ရွက်မည့်နေရာအား ယမန်နေ့ နံနက်ပိုင်း(၁၀)နာရီအချိန်ခန့်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား မြို့မဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဂေါပဂအဖွဲ့ဝင်များက ဘုရားရင်ပြင်ပတ်လည်နှင့် ကျောင်းပတ်ဝန်းကျင် မြေထိန်းရန် လိုအပ်သောနေရာများအား လိုက်လံရှင်းပြခဲ့ပါသည်။

ထို့နောက် ဒေသစီမံဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ စေတီဘုရားရင်ပြင်နှင့် ကျောင်းပတ်ဝန်းကျင်အားလိုက်လံကြည့်ရှုခဲ့ပါသည်။ ထိုဆောင်ရွက်ရမည့် မြေထိန်းနံရံများမှာ (၁)ဘုန်းကြီး ကျောင်းစေတီရင်ပြင်ဘေးညာဘက် ပေ(၁၂၀’× ၂၅’)ရှိမြေထိန်းနံရံတည်ဆောက်ရန် ခန့်မှန်းလျာထားငွေ ကျပ်သန်း ၄၂.၃၀၁၊ (၂)စေတီရင်ပြင်နောက်ကျောဘက် ပေ(၇၅’× ၂၀’) ရှိ ကျောက်စီမြေထိန်းနံရံတည်​ ဆောက်ရန် ခန့်မှန်းလျာထားငွေ ကျပ်သန်း ၂၂.၃၇၃၊ (၃) စေတီရင်ပြင်ဘေးဘယ်ဘက်ပေ (၇၅’ × ၂၀’) ရှိ မြေထိန်းနံရံတည်ဆောက်ရန် ခန့်မှန်းလျာထားငွေ ကျပ်သန်း ၂၂.၃၇၃၊ (၄) ဆွမ်းစားဆောင်နောက်ဘက် ပေ(၃၆၀’ × ၁၂’)ရှိ ကျောက်စီမြေထိန်း နံရံတည်ဆောက်ရန် ခန့်မှန်းလျာထားငွေ ကျပ်သန်း ၇၂.၉၀၇ ကျသင့် မည်ဖြစ်ကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)