သတင်းများ

ပိုင်ကျုံမြို့၊ နောင်ခလုံးကျေးရွာ၌ အသက်(၁၅)နှစ်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံ
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရှိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားဘာသာပြ(TA/LT)ဆရာ၊ဆရာမများ ရာနှုန်းပြည့်တာဝန်ထမ်းဆောင်မည်
May 18,2022
မွန်တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်တံ့ခိုင်မြဲရေးကို ရှေ့ရှု၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားဘာသာပြ (TA/LT)ဆရာ၊ ဆရာမများအားလုံး ရာနှုန်းပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဖဲကတာကျေးရွာ၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် မွနတိုင်းရင်းသား(TA/LT)ဆရာ၊ဆရာမများ၏ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲမှ သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
May 18,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် ယ‌နေ့နံနက် ၁၀ နာရီက ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့‌ကြောင်း သိရသည်။
မင်းကင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်
May 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ကို  ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို မေ ၁၈ ရက်က စိန်တုံးကျေးရွာအုပ်စု အမကကျောင်းဝင်း၌ ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့၌ မြို့နယ်အဆင့် (Grade-8) သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်း နောက်ဆုံးနေ့ ဆက်လက်သင်ကြား
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် Grade-8 သင်ရိုးသစ် Face to Face ဆင့်ပွား သင်တန်းနောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီကဝေါအထက စာသင်ခန်းများတွင် ဆက်လက် သင်ကြားခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာန (CommunityCentre)၌ သဘာဝဘေးအန္တရာယ်အသိပညာပေး(Talk Show)ကျင်းပ
May 18,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ၁၈ရက်နံနက်(၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ကြောင်း သိရသည်။   
ကျောက်တံခါးမြို့နယ်၌ မြို့နယ်အဆင့်(Grade -8)သင်ရိုးသစ် Face to Face ဆင့်ပွါးသင်တန်း နောက်ဆုံးနေ့ဆက်လက်သင်ကြား
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြို့နယ်အဆင့် Grade - 8 သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်းနောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး)စာသင်ခန်းများတွင် ဆက်လက်သင်ကြားခဲ့သည်။