ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာန (CommunityCentre)၌ သဘာဝဘေးအန္တရာယ်အသိပညာပေး(Talk Show)ကျင်းပ

ဒဂုံအရှေ့ မေ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ၁၈ရက်နံနက်(၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ကြောင်း သိရသည်။   

အဆိုပါ သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်း အိမွန်က သဘာဝဘေးအန္တရာယ်အသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက် သည်များကို ဆွေးနွေးမေးမြန်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင်ဝေထက်က သဘာဝဘေးအန္တရာယ်အသိပညာပေးနှင့် ပတ်သက် ၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲ၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင်ဝေထက်က ဆွေးနွေးရာတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်အလက်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သောအကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရန်အတွက် လေ့လာသိရှိရမည်နည်းလမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားရှိမှုနှင့်သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ဝင်းအိမွန်(ပြန်/ဆက်)