သတင်းများ

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(CoviShield)နှင့် Sinovac များအား First Dose ၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် အမှတ်(၁၀)ရပ်ကွက်‌၊ ဟေမဝန်ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၃)နှစ်မှ(၇)နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ(DT) ကာကွယ်ဆေး ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆုံဆို့ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာရပ်ကွက်များတွင် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ အမှတ်(၅၁)ရပ်ကွက်ဓမ္မာရုံတွင် ဆုံဆို့ရောဂါ(DT)ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
May 18,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ပန်းခင်းစီမံချက်ဖြင့်
ရွှေပြည်သာမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုများ ရရှိတိုးပွားစေရန်
တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့်အနီးရှိကျေးရွာများ၌ တောဆင်ရိုင်းများ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
May 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးရှိကျေးရွာများ၌ တောဆင်ရိုင်းများအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
မင်းလှမြို့နယ်၌ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီချိန်က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲ စာ‌စောင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ လိုက်လံ ငှားရမ်းပေး
May 18,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအ‌နေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများဖတ်ရူသည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့်‌ ကော့မှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာ‌ရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများ‌အ‌ရောက် အချိန်မကုန်လူမပင်ပန်း‌ စေဘဲစာအုပ်စာ‌စောင်များများ ဖတ်ရူနိုင်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက်မြို့နယ် သမဝါယမဦးစီးဌာနရုံးအရောက် လိုက်လံငှားရမ်းပေးနေကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်း ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းများဆောင်ရွက်
May 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းများကို ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။