ဝေါ မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် Grade-8 သင်ရိုးသစ် Face to Face ဆင့်ပွား သင်တန်းနောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီကဝေါအထက စာသင်ခန်းများတွင် ဆက်လက် သင်ကြားခဲ့သည်။
အဆိုပါဆင့်ပွားသင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက ကြီးကြပ်၍ သင်တန်းနည်းပြ အလယ်တန်း (၄၀)ဦး၊ အထက်တန်းကျောင်းအုပ်(၂)ဦးပေါင်း (၄၂)ဦးတို့က သင်တန်းပို့ချပေးကာ အလယ်တန်း၊အထက်တန်း ကျောင်း ဆရာ၊ဆရာမသင်တန်းသားဦးရေ (၅၈၁)ဦး တက်ရောက်ကြပြီး၊ ဘာသာစုံသင်ရိုးညွှန်းတန်းများကို သင်ကြားပို့ချ ပေးလျက်ရှိကြောင်း၊ သင်တန်းကာလမှာ ၁၆-၅-၂၀၂၂ ရက်နေ့မှ ၁၈-၅-၂၀၂၂ရက်နေ့အထိ ၃ ရက်တာ ရက်တိုသင်တန်းဖြစ်ပြီး ဆရာဆရာမများအား ကိုယ်ကာယလေ့ကျင့်ခန်းပညာရပ်များကိုပါ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
အောင်မြတ်လင်း