ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ဒဂုံမြောက် မေ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမတွင် ယ‌နေ့နံနက် ၁၀ နာရီက ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီမှ နွေရာသီ‌‌ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရေးနှင့် ထက်မြက်သွက်လက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ‌လေးများမှ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် ပူဖောင်းဖောက်ကစားနည်းပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စကားပုံဆက်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီမှ ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ