ပိုင်ကျုံ မေ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဒေသနေပြည်သူများကာကွယ်ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ကျေးရွာများအရောက်ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိရာ မေလ ၁၆ရက် နေ့အထိ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၁၇၂၄၁)ဦးရှိပြီးပိုင်ကျုံမြို့တွင် ကျေးရွာအုပ်စု စုစုပေါင်း (၂၇)အုပ်စုရှိပြီး မေလ ၁၈ ရက် နေ့မှမေလ ၃၁ ရက်နေ့အထိ အသက်(၁၈)နှစ်အောက် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာအုပ်စု(၁၃)အုပ်စုကို ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ မေလ ၁၈ ရက်နေ့တွင် နောင်ခလုံးကျေးရွာအုပ်စု၊ နောင်ခလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာ အုပ်စုအတွင်းရှိတာဝန်ရှိသူများတို့ကပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ပြည်သူများအား အဆင်ပြေလွယ်ကစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
နော်ခူး(ပြန်/ဆက်)