သတင်းများ

ပဒုမပါရမီတောရတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင်ကျေးရွာရှိ ပဒုမပါရမီတောရတွင် လူငယ်၊ လူရွယ်၊ ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်" ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိ ပညာဗဟုသုတတိုးပွားရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
ကော့မှူးတွင် ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး
May 19,2022
ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းသွားသည့် ကာလအတွင်းလည်း ပြည်သူများအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန် စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာ‌ရောက်ရောင်းချပေးနေကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် ကျောင်းအပ်နှံရေးရက်သတ္တပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားပြုလုပ်
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ပါသည်။
သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ ဆောင်ရွက်
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ကလေးငယ်များ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ရပ်ကွက်‌ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်‌ခြေနီ အသင်းအဖွဲ့များ ပူး‌ပေါင်း၍ ပေါက်ခေါင်းမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်အတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ
May 19,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူမေလ ၁၈ ရက်နေ့ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်၊ မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့အဝင်ကြိုဆိုပါ၏လမ်းဆုံ၌ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပခဲ့ရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့်အဖွဲ့၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်ကို စုပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။