ကရင်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားဘာသာပြ(TA/LT)ဆရာ၊ဆရာမများ ရာနှုန်းပြည့်တာဝန်ထမ်းဆောင်မည်
May 18,2022
မွန်တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်တံ့ခိုင်မြဲရေးကို ရှေ့ရှု၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားဘာသာပြ (TA/LT)ဆရာ၊ ဆရာမများအားလုံး ရာနှုန်းပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဖဲကတာကျေးရွာ၊ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် မွနတိုင်းရင်းသား(TA/LT)ဆရာ၊ဆရာမများ၏ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲမှ သိရသည်။