ပုဇွန်တောင် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း တတိယနေ့ကို ယနေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ပုဇွန်တောင်မြို့နယ်၊ အထက (၁) တွင် ဆက်လက်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်ယူလျက်ရှိသော ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား GRADE-8 သင်ရိုးသစ် သင်တန်းပါ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၏ basic concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်၊ ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၏ ဖွဲ့စည်းပုံနှင့် အသုံးပြုပုံများကို နားလည်သဘောပေါက် စေရန်အတွက်ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ် ပညာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မေ (၁၆) ရက်နေ့မှ မေ (၁၈) ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပြီး GRADE-8 သင်ရိုးသစ် လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိပညာရပ်တို့ကို သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြန်လည်သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၏ သင်ကြား၊ သင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီး အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား ဆရာ/ဆရာမ (၂၄)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်း သတင်းရသည်။
ဟန်စုယဉ်