သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်ဒဂုံမြို့နယ်ရှိ အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ
May 27,2022
ရန်ကုန်တိုင်းဒေသကြီး၊အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို  ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ  အခြေခံပညာ ကျောင်းများအား ယမန်နေ့မှစတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ် Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်
May 27,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ (၃)နာရီအချိန်က အဆိုပါ ရုံးဝန်ထမ်းများဖြင့် "စာကြည့်တိုက်နှင့်သုတပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဖွံဖြိုးတိုးတက်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလစတင်၍ ခွင့်ပြုရန်ပုံငွေကျပ် (၃၇၄.၀၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘုရားကလေး၊ အဝပြန်၊ ထိုင်ကူမြစ်တန်းကျေးလက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်
May 27,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မေ ၂၇ ရက် ယနေ့နံနက်၈နာရီက ကျိုက်ဒုံမြို့အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး
May 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမှုရှိ‌စေရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအားနှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်
May 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ဝန်ထမ်းသား/သမီးများ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ် (၄) အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု များအား ကြည့်ရှုအားပေး
May 27,2022
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ် အနေဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း စတင်လက်ခံ လျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ် နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းများကို ယမန်နေ့ နံနက် ၈ နာရီ ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။