ဘုတ်ပြင်း မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို မြို့ပေါ်ရှိက ရပ်ကွက်များသို့ သွားရောက်၍ အသိပညာပေးဆော်ဩရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌ သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစက္ကန့်နှစ်ဆယ် ကြာအောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန် ၊ ရောဂါပိုးကူးစက်ခံထားရသည်ဟု သံသယရှိပါ နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျခံယူကြရန် နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်စသည့် အချက်များကို လက်ကိုင်အသံချဲ့ စက်ဖြင့်လိုက်လံ၍ အသိ ပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)