လှိုင် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်) သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအခြေခံပညာအလယ်တန်းဆင့် Grade-8 (သင်ရိုးသစ်)သင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းပြဆရာ၊ ဆရာမ(၇၄)ဦးတက်ရောက်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၄)ဦးက သက်ဆိုင်ရာဘာသာရပ်အလိုက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိပြီး မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)