လှိုင်မြို့နယ်ဗဟိုလမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်မြင့်မိုလ်(၃)လမ်းနှင့် ပါရမီလမ်းတို့တွင် သန့်ရှင်းသပ်ရပ်ရေး မြက်ရိုင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေမြောင်းရှင်းလင်းခြင်းများ ဆောင်ရွက်

လှိုင် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ယနေ့နံနက် (၇:၀၀) အချိန်က လှိုင်မြို့နယ် ​(၁၀)ရပ်ကွက်၊ လှိုင်​မြင့်မိုရ်(၃)လမ်းတွင် ရေတင်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊‌‌ ရေစီး‌ရေလာဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်း‌ရေးဌာမှ ဝန်ထမ်းများက ရေမြောင်းများ ရှင်းလင်းခြင်း နှင့်လှိုင်မြို့နယ် ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းရှိ စင်္ကြံဘေး မြက်ရိုင်းပင်များ ရှင်းလင်းခြင်းအား သန့်ရှင်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်