ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်တွင် သီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေများ ထုတ်ပေးလျက်ရှိ

ကျောက်မဲ မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မေ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်မဲမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီ‌ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ၂၀၂၂ ခုနှစ်တွင် ကျောက်မဲမြို့နယ်ရှိ ကျေးရွာ ၂၂ အုပ်စုမှတောင်သူ ၁၈၀၀ ဦးတို့အား စပါး၊ ပြောင်းဖူးစိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေ စုစုပေါင်းငွေကျပ်သိန်း ၁၂၀၀၀/-(ကျပ်သိန်းတစ်‌သောင်း နှစ်ထောင်)ထုတ်ချေးရန် လျာထားခဲ့ပြီး အဆိုပါနေ့တွင် ပိန္နဲကုန်းကျေးရွာအုပ်စုမှ တောင်သူ ၃၃  ဦးအား စပါး ၁၁၉ ဧက၊ ပြောင်းဖူး ၅၂ ဧက စိုက်ပျိုးရန်အတွက်  မိုးရာသီချေးငွေ ၂၃၀၅၀၀၀၀/- ကျပ်(သိန်းနှစ်ရာ့ သုံးဆယ်နှင့် ငါးသောင်းကျပ်) ထုတ်ချေးပြီးဖြစ်ကြောင်း ကျန်ရှိသူများကိုလည်း ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စပါးစိုက်ခင်း တစ်ဧကလျှင် ငွေ ၁၅၀၀၀၀/- ကျပ်(တစ်သိန်းငါးသောင်းကျပ်)နှုန်း၊ ပြောင်းဖူးတစ်ဧကလျှင် ငွေ ၁၀၀၀၀၀/-ကျပ်(တစ်သိန်းကျပ်)နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး အတိုးနှုန်းမှာ  ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေးငွေများကို ၃၁-၃-၂၀၂၃ ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်‌နေဂျာ ဦးကျော်လွင်၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)