တောင်သာ မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ၂၀၂၂ ခုနှစ်မိုးရာသီကာလ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပျိုးပင်မျိုးစုံ (၂၆၀၀၀)စိုက်ပျိုးသွားရန်မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလွင်ထံက သိရသည်။
ပျိုးပင်ပေါင်း (၂၆၀၀၀)တွင် (မိုးရာသီ) လူထုဖြန့် ပျိုးပင်(၂၀၀၀၀)နှင့် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးမည့်ပျိုးပင်ပေါင်း (၆၀၀၀)ဖြစ်ပြီး (မိုးရာသီ)လူထုဖြန့်ပျိုးပင်(၂၀၀၀၀)အဖြစ် ဒေသနှင့်ကိုက်ညီသည့် မြန်မာကုက္ကိုလ်၊ သင်္ဘောကုက္ကိုလ်၊ မဲဇလီ၊ တမာ၊ မန်ကျည်း၊ ယူက လစ်၊ စိန်ပန်း၊ လျှော်ဖြူစသည့် သစ်ပင်မျိုးစုံ(၈)မျိုးကိုပျိုးထောင်ထားရှိသည်။
ဌာနဆိုင်ရာတပ်ရင်း/တပ်ဖွဲ့များ၊ စာသင်ကျောင်းများနှင့် ပြည်သူလူထုထံအခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး တောင်သာမြို့ မြို့မသစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်များထုတ်ပေးလျက်ရှိသည်။ မိုးအကြို သစ်ပင်စိုက်ပွဲတော်၊ ဌာနအလိုက် လမ်းဘေးဝဲ/ယာ တအုပ်တမစိုက်ပျိုးခြင်းများနှင့် တစ်ရွာ (၂)ဧက ကျေးရွာပိုင်ထင်းစိုက်ခင်းများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးမည့်ပျိုးပင်(၆၀၀၀) စိုက်ပျိုးမည့်ပျိုးပင်များမှာ တမာ၊ မြန်မာ ကုက္ကိုလ်၊ မြန်မာရှားတို့ဖြစ်ပြီး တောင်ဖီလာကြိုးဝိုင်း အကွက်အမှတ်(၃)တွင် ရေဝေရေလဲ စိုက်ခင်းဧက(၃၀) စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)