သတင်းများ

တပ်ကုန်းမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ( Talk Show ) ဆောင်ရွက်
May 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  ပြည်သူများ သဘာဝဘေး အန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျန်းမာရေးညွှန် ကြားချက်နှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community   Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် Online မှတစ်ဆင့် စာပေအသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်
May 17,2022
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များနှင့် ကလေးများအတွက် စာပေသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်/စာစောင်များ အခမဲ့ဌားရမ်းပေးခြင်း၊ အသိပညာဗဟုသုတ ရရှိစေရန်နှင့်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ ပြုလုပ် ဆောင်ရွက်ပေးခြင်းတို့အပြင် Online မှတစ်ဆင့် စာပေအသိပညာဗဟုသုတ ဖြန့်ဝေပေးခြင်း၊ အစီအစဉ်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါသည်။
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာအုပ်လှူဒါန်းပွဲကျင်းပ
May 17,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်လှူဒါန်းပွဲကို ယနေ့မွန်းတည် (၁၂)နာရီ အချိန်က ကျင်းပ‌ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများသို့ စာငှား ဝန်ဆောင်မှု ဆောင်ရွက်
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက စျေးပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်
May 17,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် ဘူးသီးကျင်းကျေးရွာရှိလူစည်ကားရာနေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်
ကျိုက်ထိုမြို့နယ်တွင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
May 17,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အမျိုးသမီးများ အကြမ်းဖက်မှ တားဆီးကာကွယ်ရေး  အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်များ ဖြန့်ဝေခြင်းအခမ်းအနားသို့ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
May 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ဟိုပုံးမြို့၊ မြို့နယ်သစ်တောဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသောစာအုပ်စာစောင်များ သန်လျင်၌ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ
May 17,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။