သတင်းများ

သံတောင်ကြီးမြို့နယ်တွင် လိုင်ချီးသီးများ ဈေးနှုန်းအနည်းငယ်ကျဆင်း
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ မေလပထမပတ်မှစတင်ပြီး လိုင်ချီးသီးများ ရင့်မှည့်ပြီဖြစ်သည့်အတွက် လိုင်ချီးစိုက် တောင်သူများအနေဖြင့် လိုင်ချီးသီများ ဆွတ်ခူးရောင်းချလျက်ရှိပြီး မေလတတိယပတ်တွင် လိုင်ချီးသီးများဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ် ) သင်တန်းဖွင့်လှစ်
May 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်)၊ ပြည်နယ်အဆင့်နည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းပို့ချ
May 17,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းပို့ချခြင်းကို စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချလျက်ရှိ​သည်။
ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများဆောင်ရွက်
May 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်း သူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ် သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့၊ နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့နယ်၌ နွေရာသီ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသား စာပေစာမေးပွဲ ဖြေဆိုကျင်းပ
May 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းများနှင့် ရှမ်းတိုင်းရင်းသားစာပေများ မပျောက်ပျက်စေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ကျောင်းသား/သူ လူငယ်များအား မြို့နယ် သံဃာ့နာယက ဆရာတော်မွေတော်ကျောင်း (အောင်မင်္ဂလာစာသင်တိုက်)မှဦးစီး၍ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်းဖွင့်လှစ်သော နွေရာသီ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ရှမ်းတိုင်းရင်းသားစာပေကို ယနေ့နံနက် ၉ နာရီက မွေတော်ကျောင်း (အောင်မင်္ဂလာ စာသင်တိုက်) စာမေးပွဲဖြေဆိုကျင်းပခဲ့သည်။ 
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
May 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မေလ၁၇ ရက်၊ ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် ၁ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ် နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၌ စာဖတ်ပရိတ်သတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည် ငှားရမ်းပေး
May 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များနှင့် စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာဗဟုသုတများတိုးပွားရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ဆောင်ရွက်
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။