ချမ်းမြသာစည် မေ ၁၇
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များနှင့် ကလေးများအတွက် စာပေသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်/စာစောင်များ အခမဲ့ဌားရမ်းပေးခြင်း၊ အသိပညာဗဟုသုတ ရရှိစေရန်နှင့်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းတို့အပြင် Online မှတစ်ဆင့် စာပေအသိပညာဗဟုသုတ ဖြန့်ဝေပေးခြင်း၊ အစီအစဉ်များကို စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်သည် Onlineမှတစ်ဆင့်စာပေသုတမျှဝေခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ဆေးရောင်လှလှခြယ်ကြမယ်၊ ရုပ်ပုံလေးတွေဆွဲစို့ကွယ်၊ ပုံပြင်ဖတ်ပြ ခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့်အစီအစဉ်လေးများကို ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က လူထုစိန်၀င်း၏ အတွေးအမြင်ဆောင်း ပါးများ စာအုပ်မိတ်ဆက်ခြင်းနှင့် စာကြည့်တိုက်လက်ထောက် (၃)ဒေါ်ခင်မာဦးက စာပေသုတ မျှဝေခြင်း အစီအစဉ်များကို ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် အများပြည်သူ စာပေဗဟုသုတရရှိစေမည့် အစီအစဉ်များအပြင် ကလေးသူငယ်များ ယဉ်ကျေးလိမ္မာအသိပညာကြွယ်၀စေမည့် အစီအစဉ်များကို Onlineမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခင်စိမ်း၀င်း