ကျိုက်ထိုမြို့နယ်တွင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို  မေ ၁၇

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက အမျိုးသမီးများ အကြမ်းဖက်မှ တားဆီးကာကွယ်ရေး  အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ် လူမှု၀န်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူခင် က အမျိုးသမီးများအား အကြမ်းဖက်မှုဆိုသည်မှာ၊ အမျိုးသမီးများအားအကြမ်းဖက်မှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှု၊ အန္တရာယ်ပိုများစေသော အဓိကအချက်များ စသည်တို့ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အေးယုဝေ(ကျိုက်ထို)