တပ်ကုန်း မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ သဘာဝဘေး အန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျန်းမာရေးညွှန် ကြားချက်နှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်တို့က မြို့နယ်မီးသတ်ဦးစီးဌာန လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ကမ္ဘာတွင် ဖြစ်ပေါ်တတ်သည့်ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားတတ်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်