သတင်းများ

ညောင်တုန်းမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့်ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ချောင်းကြီးကျေးရွာအုပ်စုရှိ ချောင်းကြီး အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့သည်။
ဖျာပုံမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးစာစောင်၊ ဗီနိုင်းနှင့်ရေသန့်ဆေးပေးအပ်ပွဲကျင်းပ
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး) မြို့နယ်များရှိပြည်သူများ မိုးရာသီအချိန် ကာလအတွင်း ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှု၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မဖြစ်ပေါ်စေရန်နှင့် သန့်ရှင်းသော​ရေကောင်းရေသန့် ရရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးစာစောင်၊ ဗီနိုင်းနှင့်ရေသန့်ဆေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ကွင်းဆင်းဆောင်ရွက်
May 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသား လုပ်သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင် ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့နံနက် ၇နာရီမှစ၍တောင်မြို့ ရပ်ကွက်အတွင်း (စနေနေ့တိုင်း) ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီ‌ရေတော သစ်ပင်စိုက်ပွဲတော်ကျင်းပ
May 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုး ပွဲတော်အား ယနေ့နံနက် ၉ နာရီအချိန်က နှုံးကျွံကျေးရွာအုပ်စု၊ နှုံးကျွံကျေးရွာ၌ ကျင်းပသည်။
ရန်ကင်းကင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်
May 28,2022
ရန်ကင်းမြို့နယ်တွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ရည်ရွယ်၍ ရန်ကင်းမြို့နယ် အမှတ်(၅) ရပ်ကွက် မြို့မစျေးအတွင်းတွင် Mask များကို ဝေပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့တွင် သွားလာရေးခက်ခဲမှုမရှိစေရေးအတွက် စုပေါင်းရှင်းလင်းခြင်း ဆောင်ရွက်
May 28,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ယမန်နေ့နေ့လည်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြို့ပေါ်ရှိ  ချောင်းတိမ်ချောင်းရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ ရန်ကုန်- ပြည်- မန္တလေး ကားလမ်းမကြီးပေါ်ရှိ ကမ္ဘောဇဘဏ်အနီး လမ်းပိုင်းအရှည် (မိုင်ဝက်ခန့်)တွင် အမှိုက်သရိုက်များ တင်ကျန်မှုများဖြစ်ပွားခဲ့ခြင်းကို ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ သွားလာရေးခက်ခဲမှု မရှိစေရေးအတွက် စုပေါင်းရှင်းလင်းခဲ့ကြကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအဆင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ဖွင့်လှစ်
May 28,2022
၂၀၂၂-၂၀၂၃ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့် မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ အထက(၃)ကျောင်း ပညာရတနာခန်းမတွင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတက်ရောက် အမှာစကား ပြောကြားခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်နယ်မြေ ရန်အောင်မြင်စေတီကုန်းအနီး၌ ကျင်းပပြုလုပ်သည်။